$0.00
လူ့အခွင့်အရေးကာကွယ်သူများ၊ စုံစမ်းစစ်ဆေးသူများ၊ သုတေသနပြုသူများနှင့် သတင်းထောက်များသည် မျက်မြင်သက်သေများက ရိုက်ကူးထားသော ဦးဆုံးလက်မှတ်တမ်းများကိုအားကိုးပြီးမှ လေ့လာစောင့်ကြည့်၊ အစီရင်ခံ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အမည်တပ်ခြင်း ပြုလုပ်ရသည်။ ထိုသူများက မှန်ကန်သော အချက်အလက်များပေါ်တွင် ဆောင်ရွက်ကြောင်း သေချာအောင် သုံးစွဲသူများသည် အဆင့်များစွာ လုပ်ဆောင်၍ သူတို့ရရှိသော မှတ်တမ်းများကို စစ်မှန်ကြောင်းအတည်ပြုသည့် ဆောင်ရွက်ချက်သည် အချိန်ကြာမြင့်နိုင်သည်။မှတ်တမ်းတင်သူတယောက်အနေဖြင့် အခြားသူများက သင့်မှတ်တမ်းကို အတည်ပြုပြီးဆောင်ရွက်နိုင်ရန် ရိုးရှင်းသော အချက်တချို့ လုပ်ဆောင်နိုင်သည်။ သို့မှသာ ထိုမှတ်တမ်းများသည် အချိန်မီ ထိရောက်စွာ အသုံးပြုနိုင်မည်။အောက်ပါ အပိုအချက်များသည် အင်တာနက်ဖြတ်တောက်ချိန်တွင် ပိုပြီးတန်ဖိုးရှိသောကြောင့် ထည့်သွင်းစဉ်းစားသင့်သည်။